မေးလေ့ရှိသော မေးခွန်းများ

နိုင်ငံခြားသားချေးငွေနှင့်ပတ်သက်၍ အမေးအများဆုံး မေးခွန်းများကို စုစည်းပေးထားပါသည်။

ကိုရီးယားမှာ နိုင်ငံခြားသားလည်း ချေးငွေလျှောက်လို့ရတာလား?

ဟုတ်ကဲ့, လျှောက်လို့ရပါတယ်။ KPLUS ကတော့ ကိုရီးယားမှာ နေထိုင်တဲ့ နိုင်ငံခြားသားများအတွက် ချေးငွေ ဝန်ဆောင်မှုဖြစ်ပါတယ်။

အခြားဘာသာစကားတွေနဲ့ရော မေးလို့ရလား?

မွန်ဂို၊ ကမ္ဘောဒီးယား၊ နီပေါ၊ အင်ဒိုနီးရှား၊ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ဥဇဘက်ကစ္စတန်၊ ဗီယက်နမ်၊ ရုရှားနှင့် အင်္ဂလိပ်ဘာသာစကားများဖြင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဘယ်လိုဗီဇာတွေက ချေးငွေလျှောက်လို့ရပြီး ဘာတွေလိုအပ်တာလဲ?

E-9၊ E-7၊ F-2၊ F-4၊ F-5၊ F-6 ဗီဇာကိုင်ဆောင်ထားပြီး ကိုရီးယားနိုင်ငံတွင် နေထိုင်ကာ အလုပ်လုပ်ကိုင်နေသူဖြစ်ပါက လိုအပ်သော စာရွက်စာတမ်းများဖြင့် မည်သူမဆို ချေးငွေလျှောက်ထားနိုင်ပါတယ်။ကိုရီးယားနိုင်ငံသို့ ရောက်ရှိပြီး လက်ရှိ အလုပ်တွင် လစာကို အနည်းဆုံး ၁ ကြိမ် လက်ခံရရှိပြီးနောက် ချေးငွေလျှောက်ထားနိုင်ပါတယ်။

ပမာဏ ဘယ်လောက်ထိရနိုင်ပြီး အတိုးနှုန်းက ဘယ်လောက်လဲ?

ချေးငွေပမာဏကို အနည်းဆုံး ဝမ်သိန်း 50 မှ အများဆုံး ဝမ်သိန်း 500 အထိ လျှောက်ထားနိုင်ပါတယ်။ချေးငွေအတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၄.၅% မှ ၁၈.၅% အတွင်းဖြစ်ပြီး၊ တစ်ဦးချင်း၏ ခရက်ဒစ်အမှတ်နှင့် ချေးငွေစိစစ်အကဲဖြတ်မှု စံနှုန်းများအပေါ် မူတည်၍ အတိုးနှုန်း ကွဲပြားနိုင်ပါတယ်။

အတိုးနှုန်းက ပုံသေလား? အပြောင်းအလဲရှိလား?

ဟုတ်ကဲ့၊ ပုံသေအတိုးနှုန်း ဖြစ်ပါတယ်။ စာချုပ်ပါကာလအတွင်း ချေးငွေအတိုးနှုန်း ပြောင်းလဲခြင်းမရှိသောကြောင့် လစဉ်ပြန်လည်ပေးဆပ်ရမည့် ငွေပမာဏသည် ပုံသေ ရှိနေမှာဖြစ်ပါတယ်။ ထို့ကြောင့် အတိုးနှုန်းမြင့်တက်လာမည်ကို စိုးရိမ်စရာမလိုဘဲ ချေးငွေပြန်လည်ပေးဆပ်ရန် မိမိကိုယ်တိုင် အစီအစဉ်ချမှတ်နိုင်ပါတယ်။

အာမခံလူ (သို့) အပေါင်ပေးဖို့ လိုတာလား?

မလိုပါဘူး။ ဤချေးငွေသည် ခရက်ဒစ်ချေးငွေ (신용대출) ဖြစ်သောကြောင့် အာမခံပစ္စည်း သို့မဟုတ် အာမခံသူ မလိုအပ်ပါ။

အွန်လိုင်းကနေ လျှောက်လို့ရလား? ရုံးကို လာလျှောက်ဖို့လိုလား?

အွန်လိုင်းမှတစ်ဆင့် လွယ်ကူစွာ ချေးငွေလျှောက်ထားနိုင်ပြီး၊ ရုံးခွဲသို့ ကိုယ်တိုင်လာရောက် လျှောက်ထားရန် မလိုအပ်ပါ။

ချေးငွေလျှောက်တဲ့အတွက် ဘယ်လိုစာရွက်စာတမ်းတွေလိုပြီး, ပတ်စ်ပို့ရှိရုံနဲ့ လျှောက်လို့ရတာလား?

ချေးငွေလျှောက်ထားခြင်းအတွက် အိုင်ဒီကတ်၊ ပတ်စ်ပို့၊ အလုပ်စာချုပ် စသည်တို့ လိုအပ်ပါတယ်။ပတ်စ်ပို့တစ်ခုတည်းဖြင့် ချေးငွေလျှောက်ထား၍ မရနိုင်ပါ။ ချေးငွေစိစစ်မှု စံနှုန်းများ (သို့) ကိုင်ဆောင်ထားသော ဗီဇာအမျိုးအစားပေါ် မူတည်၍ ထပ်မံလိုအပ်သော စာရွက်စာတမ်းများကို တောင်းခံရနိုင်ပါတယ်။တင်ပြထားသော စာရွက်စာတမ်းများကို အခြေခံ၍ ချေးငွေစိစစ်အကဲဖြတ်မှုကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

အွန်လိုင်းကနေ လျှောက်လို့ အခက်အခဲရှိရင် ရုံးကိုလာပြီး လျှောက်လို့ရလား?

အခြေခံအားဖြင့် အွန်လိုင်းမှသာ ချေးငွေလျှောက်ထားနိုင်ပါတယ်။ သို့သော် လျှောက်ထားသူအနေဖြင့် ဆန္ဒရှိပါက ရုံးချုပ်သို့ ကိုယ်တိုင်လာရောက်ပြီး တာဝန်ခံဝန်ထမ်းများထံမှ လမ်းညွှန်မှုနှင့် အကူအညီများ ရယူနိုင်ပါတယ်။ ထို့အပြင် လိုအပ်ပါက ဖုန်းမှတစ်ဆင့်လည်း အသေးစိတ်ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ချေးငွေရသည်အထိ ဘယ်လောက်ကြာလဲ?

ချေးငွေ ရရှိသည်အထိ, ပုံမှန်ကြာချိန် ရုံးဖွင့်ရက် 2ရက်မှ 3ရက်အထိ ကြာမြင့်နိုင်ပါတယ်။

လက်ရှိ ချေးငွေရှိနေပါတယ်။ ထပ်ချေးလို့ရနိုင်လား?

လက်ရှိချေးငွေ ရှိနေပါက ထပ်မံချေးငွေယူရန် ခက်ခဲနိုင်ပါတယ်။ သို့သော်, ချေးငွေအဟောင်းကို ချေးငွေအသစ်ဖြင့် အစားထိုးဆပ်ခြင်း (대환대출) ကို လျှောက်ထားနိုင်ပါတယ်။ ချေးငွေအသစ်ပမာဏသည် လက်ရှိချေးငွေထက် ပိုမိုမြင့်မားရမည်ဖြစ်ပြီး၊ အပိုဆောင်းကုန်ကျစရိတ်များ စသည်တို့ကို ထည့်သွင်းစဉ်းစားပြီး ချေးငွေအစားထိုးဆပ်ရန် သင့်လျော်သည်ဟု သတ်မှတ်သည့်အခြေအနေတွင်သာ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ထို့အပြင် လက်ရှိချေးငွေကို ပုံမှန်အတိုင်း ပြန်လည်ပေးဆပ်နေခြင်း (သို့) ချေးငွေကို အပြည့်အဝ ပြန်လည်ပေးဆပ်ပြီးနောက်တွင်လည်း ချေးငွေပြန်လည်ရယူခြင်း (သို့) ထပ်မံချေးငွေယူခြင်းကို လုပ်ဆောင်နိုင်ပါတယ်။ စိစစ်အကဲဖြတ်မှု စံနှုန်းများအပေါ်မူတည်၍ ချေးငွေ ရ/မရနှင့် ချေးငွေစည်းကမ်းချက်များလည်း ကွဲပြားနိုင်ပါတယ်။

စာချုပ်ပါ အပြီးဆပ်ရမည့်ကာလအတိုင်ခင် ဆပ်ပါက ဝန်ဆောင်ခရှိလား?

ဟုတ်ကဲ့၊ ချေးငွေကို စာချုပ်ပါ သတ်မှတ်ကာလ မပြည့်မီ ကြိုတင်ပြန်ဆပ်သည့်အခါ ဝန်ဆောင်ခ ကျသင့်မှာ ဖြစ်ပါတယ်။ ချေးငွေထုတ်ပေးသည့်နေ့မှစပြီး 3 နှစ်အတွင်း ကြိုတင်ပြန်ဆပ်မယ်ဆိုရင် ဆပ်ငွေပမာဏ၏ 1% ကို ကြိုတင်ပြန်ဆပ်ခအဖြစ် ကောက်ခံမှာ ဖြစ်ပါတယ်။ ငွေချေးကာလ 3 နှစ်ကျော် အသုံးပြုပြီးမှ ပြန်ဆပ်ပါက ဝန်ဆောင်ခပေးရန် မလိုအပ်ပါ။ ပလက်ဖောင်းဝန်ဆောင်ခ အဖြစ် သီးသန့်ရှိနိုင်ပြီး ချေးငွေလျှောက်ထားခြင်း မပြုမီ ကုန်ကျစရိတ်နဲ့ အခကြေးငွေအားလုံးကို တာဝန်ခံထံ ကြိုတင် မေးမြန်းနိုင်ပါတယ်။

ချေးလို့ရနိုင်မယ့် ပမာဏနှင့် ခရက်ဒစ်အမှတ်ကို သိချင်ပါတယ်။

ချေးငွေရရှိနိုင်မယ့် ပမာဏနဲ့ ခရက်ဒစ်အမှတ်ကို စစ်ဆေးနိုင်ရန်အတွက် အိုင်ဒီကတ် (အရှေ့၊ အနောက်)၊ ပတ်စပို့နံပါတ်ပါသည့်မျက်နှာပြင်ပုံနှင့် အလုပ်စာချုပ်လိုအပ်ပါတယ်။

ပလက်ဖောင်းဝန်ဆောင်ခက တစ်ကြိမ်ပဲလား, လစဉ်ပေးရတာလား?

ပလက်ဖောင်းဝန်ဆောင်ခသည် တစ်ကြိမ်တည်းသာပေးဆောင်ရသော ကုန်ကျစရိတ်ဖြစ်ပြီး၊ ချေးငွေထုတ်ပေးသည့်အချိန် (တစ်ကြိမ်)တည်းသာ ကောက်ခံမှာဖြစ်ပါတယ်။

ပလက်ဖောင်းဝန်ဆောင်ခကို ဘယ်လိုပေးရမလဲ?

ချေးယူသူထံ ချေးငွေပမာဏ အပြည့်အဝ လွှဲပေးပြီးနောက်၊ချေးယူသူမှ ပလက်ဖောင်းဝန်ဆောင်ခကို ပြန်လည်လွှဲပေးရမှာဖြစ်ပါတယ်။

ချေးငွေ မရနိုင်တာမျိုးရောရှိလား?

၁။ လောင်းကစား၊ ရာဇဝတ်မှု စသည့် တရားမဝင်ငွေကြေးလွှဲပြောင်းမှုများ ရှိနေကြောင်း သံသယရှိပါက ချေးငွေလျှောက်ထားခြင်းကို ဆက်လက်ဆောင်ရွက်ပေးမည် မဟုတ်ပါ။ ၂။ အခြားကုမ္ပဏီမှ ချေးငွေယူပြီးနောက် ၂ လမှ ၃ လအထိ (သို့) ထိုထက်ပို၍ ပြန်လည်ပေးဆပ်ခြင်း မရှိပါက ချေးငွေလျှောက်ထားခြင်းကို ဆက်လက်ဆောင်ရွက် ပေးမည် မဟုတ်ပါ။ ၃။ ကိုယ်တိုင် အလုပ်ထွက်ခဲ့သည့် မှတ်တမ်း ၂ ကြိမ်နှင့်အထက် ရှိပါက ချေးငွေလျှောက်ထားခြင်းကို ဆက်လက်ဆောင်ရွက်ပေးမည် မဟုတ်ပါ။ (E-9 ဗီဇာ)

ချေးငွေဆပ်ဖို့ နောက်ကျရင် ဘယ်လိုဖြစ်မလဲ? တစ်ကြိမ်လောက် နောက်ကျရင်ရော ခရက်ဒစ်အမှတ် ပြသနာရှိနိုင်လား?

ချေးငွေပြန်လည်ပေးဆပ်ရမည့်ရက်ကို ကျော်လွန်ပြီး ပျက်ကွက်ပါက နောက်ကျအတိုးငွေ ကျသင့်မည်ဖြစ်ပြီး၊ ခရက်ဒစ်အမှတ်လည်း ကျဆင်းနိုင်ပါတယ်။တစ်ကြိမ်၊ နှစ်ကြိမ်ခန့် နောက်ကျမိရုံဖြင့် ခရက်ဒစ်အမှတ်သည် လုံးဝကျဆင်းသွားမည် မဟုတ်ပါ။ သို့သော် နောက်ကျပေးဆပ်မှုများ မကြာခဏ ထပ်ခါတလဲလဲ ဖြစ်ပေါ်ခြင်း (သို့) အချိန်ကြာမြင့်စွာ မဆပ်ခြင်းများသည် ခရက်ဒစ်အမှတ် ကျဆင်းခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ထို့အပြင် နောက်ကျပေးဆပ်မှု ဆက်လက်ဖြစ်ပေါ်နေပါက ဥပဒေအရ အရေးယူခြင်းများခံရနိုင်ပြီး သတ်မှတ်ထားသော ပေးဆပ်ရမည့်ရက်အတိုင်း အချိန်မီ ပြန်လည်ပေးဆပ်ပေးခြင်းမှာ အကောင်းဆုံးဖြစ်ပါတယ်။

လက်ရှိ အလုပ်ထွက်ထားရင်ရော ချေးငွေလျှောက်လို့ရနိုင်လား?

လက်ရှိအလုပ်လုပ်နေဆဲဖြစ်ပြီး လစာကို အနည်းဆုံး ၁ ကြိမ် လက်ခံရရှိပြီးမှသာ ချေးငွေလျှောက်ထားနိုင်ပါတယ်။ သို့သော် လက်ရှိအလုပ်ထွက်ထားခြင်း (သို့) အလုပ်ရှာနေဆဲဖြစ်ပါက ဝင်ငွေကို အတည်ပြု စစ်ဆေးရန် မဖြစ်နိုင်သောကြောင့် ချေးငွေလျှောက်ထား၍ မရနိုင်ပါ။ ပုံမှန်လစာရရှိနေပြီး လက်ရှိ အလုပ်လုပ်ကိုင်နေကြောင်း အတည်ပြုနိုင်မှသာ ချေးငွေလျှောက်ထားနိုင်မှာဖြစ်ပါတယ်။

ချေးငွေရယူပြီးနောက် အလုပ်ထွက်ခြင်း (သို့) အလုပ်ပြောင်းခြင်း လုပ်လို့ရလား? ပြန်ပြီး အသိပေးဖို့ရောလိုလား?

ချေးငွေဆပ်နေစဉ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်သွားခြင်း (သို့) အလုပ်ပြောင်းလဲသွားခြင်း ဖြစ်ခဲ့သော်လည်း ချေးငွေစာချုပ်တွင် သတ်မှတ်ထားသော ပြန်လည်ပေးဆပ်ရမည့် အစီအစဉ်အတိုင်း ဆက်လက်ပေးဆပ်ရန် လိုအပ်ပါတယ်။ ဝင်ငွေအခြေအနေ ပြောင်းလဲသွားသော်လည်း သဘောတူညီထားသော ချေးငွေပြန်လည်ပေးဆပ်ရမည့် တာဝန်သည် ဆက်လက်တည်ရှိနေသောကြောင့် အလုပ်လက်မဲ့ဖြစ်နေစဉ်တွင်လည်း အစီအစဉ်တကျ ဆက်လက်ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်။ ထို့အပြင် ချေးငွေလျှောက်ထားစဉ် တင်ပြထားသော အချက်အလက်များနှင့် ကွဲလွဲသွားသည့် အခြေအနေများ ဖြစ်ပေါ်လာပါက (ဥပမာ - အလုပ်ပြောင်းခြင်း၊ ဝင်ငွေပြောင်းလဲခြင်း) ပြောင်းလဲသွားသော အချက်အလက်များကို Customer Center သို့ မဖြစ်မနေ အသိပေးရမှာဖြစ်ပါတယ်။

ချေးငွေယူပြီးနောက် လက်ရှိအလုပ်လုပ်နေတဲ့ ကုမ္ပဏီသူဌေးကို အသိပေးတာမျိုး ရှိလား?

ချေးငွေရယူထားသည့် အချက်အလက်ကို ပြင်ပမှ အခြားသူများအား (လက်ရှိအလုပ်လုပ်ကိုင်နေသော ကုမ္ပဏီအပါအဝင်) ထံသို့ လုံးဝ အသိပေးမည်မဟုတ်ပါ။ အချက်အလက်အားလုံးကို သက်ဆိုင်ရာဥပဒေများနှင့်အညီ တိကျစွာ ကာကွယ်စောင့်ရှောက်ထားပေးထားပါတယ်။

ချေးငွေက ဗီဇာပြောင်းလဲခြင်း၊ သက်တမ်းတိုးခြင်းတွေမှာ ပြသနာရှိနိုင်လား?

ပုံမှန်အားဖြင့် ချေးငွေသည် ဗီဇာသက်တမ်းတိုးခြင်း (သို့) ဗီဇာအမျိုးအစားပြောင်းလဲခြင်းအပေါ် တိုက်ရိုက်သက်ရောက်မှု မရှိပါ။ သို့သော် ချေးငွေပြန်လည်ပေးဆပ်မှုကို အချိန်ကြာမြင့်စွာ ပျက်ကွက်ပါက ခရက်ဒစ်အမှတ်များ ကျဆင်းခြင်း ဖြစ်ပေါ်နိုင်ပြီး၊ ချေးငွေ မဆပ်ခြင်းကြောင့် အနာဂတ်တွင် ဗီဇာပြောင်းလဲခြင်း (သို့) အခြားသော လုပ်ငန်းစဉ်များတွင် သွယ်ဝိုက်သော သက်ရောက်မှု ရှိနိုင်ကြောင်း အသိပေးအပ်ပါတယ်။ ထို့ကြောင့် သတ်မှတ်ထားသော အချိန်ဇယားအတိုင်း ချေးငွေကို ပုံမှန်ပြန်လည်ပေးဆပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

ချေးငွေ လျှောက်ထားခြင်းကို လျှောက်ထားစဉ်အတွင်း (သို့) ချေးငွေလက်ခံမရခင်အထိ ပယ်ဖျက်လို့ရလား?

ဟုတ်ကဲ့၊ ချေးငွေလျှောက်ထားပြီးနောက် (သို့) ချေးငွေပမာဏလက်ခံမရရှိသည့်တိုင် ချေးငွေလျှောက်ထားမှုကို ပယ်ဖျက်နိုင်ပါတယ်။ သို့သော် ချေးငွေမလျှောက်ထားမီ သေချာစွာ စဉ်းစားဆုံးဖြတ်ပြီးမှ လျှောက်ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

အရင်က ချေးငွေပြန်ဆပ်ဖို့ နောက်ကျတာမျိုး ရှိခဲ့ရင်ရော ချေးငွေလျှောက်လို့ရတာလား?

ဟုတ်ကဲ့၊ အရင်က ချေးငွေပြန်လည်ပေးဆပ်မှု နောက်ကျခဲ့ဖူးသည့် မှတ်တမ်းရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ပေးဆပ်ရန်ကျန်ရှိနေသော ချေးငွေ မရှိပါက ချေးငွေလျှောက်ထားနိုင်ပါတယ်။

ဗီဇာသက်တမ်းကုန်တော့မှာဆိုပေမယ့် သက်တမ်းတိုးတော့မယ့် အခြေအနေမှာရော ချေးငွေလျှောက်လို့ရလား?

ဗီဇာသက်တမ်းတိုးရန် လဝကတွင် လျှောက်ထားဆဲဖြစ်ပြီး လဝကမှ လက်ခံကြောင်းအထောက်အထားစာ (접수증) ရရှိထားပါက ချေးငွေလျှောက်ထားနိုင်ပါတယ်။

ချေးငွေပြန်ဆပ်နေစဉ်ကာလအတွင်း အားလပ်ရက်သုံးပြီး နိုင်ငံခြားကို ခရီးထွက်လို့ရလား?

ဟုတ်ကဲ့၊ အားလပ်ရက်များဖြင့် နိုင်ငံခြားသို့ ခရီးထွက်နိုင်ပါတယ်။ သို့သော် အတိုးပေးဆောင်ရမည့်ရက်တွင် နောက်ကျမှုမဖြစ်စေရန် အတိုးငွေကို မဖြစ်မနေ ကြိုတင်ငွေလွှဲပေးထားရမည် ဖြစ်ကြောင်းအသိပေးအပ်ပါတယ်။

ချေးငွေ ငြင်းပယ်ခံရပြီးရင်ရော ထပ်လျှောက်လို့ရနိုင်လား?

ချေးငွေကို ငြင်းပယ်ခံရသည့်အခြေအနေဖြစ်ခဲ့သော်လည်း ငြင်းပယ်ခံရသည့်အကြောင်းရင်းကို ဖြေရှင်းပြီးပါက ပြန်လည်လျှောက်ထားနိုင်ပါတယ်။

ချေးငွေလက်ကျန်၊ အတိုးနှုန်း၊ဆပ်ရန်ကာလကို ဘယ်မှာကြည့်ရမလဲ?

ချေးငွေနှင့်ပတ်သက်သော အချက်အလက်များ (လက်ကျန်ငွေ၊ အတိုးနှုန်း၊ ပြန်လည်ပေးဆပ်ရမည့်ကာလ) စသည့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဆားဗစ်စင်တာသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

thePAY Download — နိုင်ငံခြားသားများအတွက်ချေးငွေ၊ ဖုန်းငွေဖြည့်ခြင်းနှင့် ဂိမ်းကတ်များဖြည့်ခြင်း

1:1 Chat